Back to all posts

Creative Bits: S01EP01 'Play with Oreo'

ဒီ blog မှာတော့ Oreo ဆိုတဲ့ cookie brand ရဲ့ “Play with Oreo” ဆိုတဲ့ campaign အကြောင်းပြောပါမယ်။

By The Moment Studio

September 2, 2022

Creative Bits: S01EP01 'Play with Oreo'

What up, people?! ‘Creative Bits” blog series ရဲ့ ပထမဆုံး blog ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ဒီ blog အကြောင်း ပြောပြပြီးပြီ။ ဒါပေမယ့် မသိလိုက်သေးတဲ့သူတွေအတွက် quick recap လေးလုပ်ရမယ်ဆိုရင် ဒီ blog series က ကမ္ဘာတစ်လွှားက illustration/art focused ဖြစ်တဲ့ ရှယ်မိုက်တဲ့ campaign တွေ၊ visual identity တွေ၊ နောက်ပြီး creative တွေရဲ့ thinking process တွေ၊ brief breakdown တွေကို ပြန် Share မယ့် (တစ်ခါတစ်လေတော့ ကိုယ်အထင်အမြင်တွေနည်းနည်းပါမယ့်) blog ဖြစ်ပါတယ်။

ဒီ blog မှာတော့ Oreo ဆိုတဲ့ cookie brand ရဲ့ “Play with Oreo” ဆိုတဲ့ campaign အကြောင်းပြောပါမယ်။ ကျွန်တော်တို့တွေက Oreo ကို အကြိုက်အမျိုးမျိုးရှိကြတာကြောင့် ပုံစံအမျိုးမျိုးနဲ့စားဖြစ်ကြတယ်။ တစ်ချို့ဆို အထဲက cream ပဲစားတယ်၊ တစ်ချို့ဆို ချေပြီး topping အနေနဲ့စားတယ်၊ တစ်ချို့ကကျ drinks တစ်ခုခုနဲ့ တို့စားတယ်။ Personally, ကျွန်တော်ကတော့ နွားနို့နဲ့တွဲစားရတာကို အကြိုက်ဆုံးနဲ့ အလိုက်ဆုံးလို့ထင်တယ်။ ဒီလိုမျိုး cookie ကို ပုံစံအမျိုးမျိုးနဲ့ ကလိပြီးတော့ လုပ်စားကြတာကို မူတည်ပြီး “PLAY” ဆိုတဲ့ စကားလုံးနဲ့ campaign ကို အစချီလိုက်တယ်။ တာဝန်ယူတဲ့ Agency က The Martin Agency. US က ဆရာကြီး Agency တွေထဲက တစ်ခုပေါ့။ ဒီ campaign အတွက် Oreo နဲ့ The Martin Agency က artist ဆယ်ယောက်ကို ခေါ်လိုက်တယ်။ ဒီ Campaign ရဲ့ key visual တွေအနေနဲ့ သူတို့ကို စကားလုံးတွေပေးပြီး ကိုယ်နဲ့ အလိုက်ဖက်ဆုံး၊ ကိုယ့်အတွက် အဓိပ္ပာယ်အရှိဆုံး စကားလုံး ကို ပုံဖော်ခိုင်းလိုက်တယ်။ စကားလုံးတွေက “DUNK, TWIST, WONDER, DREAM”. Oreo အတွက်ဆိုတော့ Oreo cookie တွေကလည်း မပါမဖြစ်ပေါ့။ Artist ဆယ်ယောက်နဲ့ သူတို့ ဖန်တီးမှုအချို့ရဲ့ အကြောင်းတွေကိုတော့ ဒီနေ့မှာဆွေးနွေးသွားပါမယ်။

Contemporary artist တစ်ယောက်ဖြစ်တဲ့ Jeff Sato ကတော့ “ROLL” ဆိုတဲ့ word ကို ယူပြီးဖန်တီးခဲ့တယ်။ Jeff Soto က “ Skateboarder တစ်ယောက်လည်းဖြစ်တာကြောင့် ဒီ word ကိုရွေးဖြစ်ပါတယ်။ Rainbow တွေ၊ Skateboard တွေ၊ Skate တွေနဲ့ ပျော်စရာကောင်းတဲ့ Oreo World တစ်ခုကို တွေးမိတယ်။ Character တွေကိုလည်း တိိမ်တွေ၊ Bubbles တွေ၊ Crystals တွေကို စားချင်စရာကောင်းတဲ့ ပုံမျိုး ဆွဲလိုက်တယ်။ ပုံတစ်ပုံလုံးကို ချုံကြည့်လိုက်ရင် ကလေးကစားကွင်းတစ်ခုလိုမျိုး ခံစားမှုမျိုးနဲ့ ဖန်တီးလိုက်ပါတယ်” လို့ interview တစ်ခုမှာ ဖြေထားပါတယ်။

Jeff Soto>https://jeffsoto.com/art.html

Alex Trochut ကတော့ “DUNK” ဆိုတဲ့ Word ကိုရွေးပြီး Oreo ကို နွားနို့ထဲနှစ်ပြီး စားတဲ့ method ကို ဖော်ပြဖို့လုပ်တယ်။ Basketball မှာလည်း “DUNK” လုပ်တယ်ဆိုတာရှိတယ်။ လေထဲမှာ တန့်ပြီးတော့ ခုန်ပြီး ဘောလုံးကို ခြင်းထဲထည့်တာမျိုးကို DUNK လုပ်တယ်လို့ ခေါ်ပါတယ်။ 3D artist Freddy Arenas ကိုပါ တပ်ကူခေါ်ပြီး အဲဒီ Basketball DUNK လုပ်တဲ့ အခိုက်အတန့်ကို cookie ကို နွားနို့ထဲ နှစ်လိုက်တဲ့ အခိုက်အတန့်နဲ့ ဖော်ပြလိုက်တယ်။

THOUGHTS

Overall ကြည့်လိုက်မယ်ဆိုရင် နွားနို့ splash တွေက character တွေဆိုလည်း ဟုတ်တယ်၊ Cookie နှစ်လိုက်လို့ဖြစ်လာတဲ့ choreography ဆိုလည်းဟုတ်တယ်။ Abstract နဲ့ figurative ကို သေချာပေါင်းစပ်ထားတဲ့ perfect piece ပါပဲ။

Alex Trochut> https://alextrochut.com/#/works

Visual တစ်ခု create လုပ်ရင် media အမျိုးမျိုးမှာ responsive ဖြစ်အောင်စဥ်းစားရတယ်။

OVERALL THOUGHTS

ဒီ project မှာသဘောအကျဆုံးကတော့ artist တွေရဲ့ “One-word brief” ကို တွေးတဲ့ process ပဲ။ Oreo ဆိုတဲ့ brand က ဒီ artist တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပဲ။ ရှေ့မှာလည်း အမျိုးမျိုးသော advertisement တွေထွက်ပြီးသား။ အဲ့တာကိုမှ Oreo က ပေးထားတဲ့ စကားလုံးတွေကို သူတို့ရဲ့ unique ဖြစ်တဲ့ style တစ်ခုချင်းစီ နဲ့ brand ရဲ့ expression တွေကို ပေါ်အောင်ပြသွားတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ Creative သမားတွေရဲ့ second nature လိုတောင်ဖြစ်နေတဲ့ တစ်ခုခုဆို ဟိုရွှေ့ဒီရွှေ့ (mix and match) လုပ်ပြီး ဒီ Cookie တွေကို တခြား angle ကနေ ပြုံးနေတဲ့ပုံဖြစ်အောင်လုပ်သွားတာလည်း တကယ်မိုက်တယ်လို့မြင်မိတယ်။

ပြီးတော့ ပုံတစ်ပုံတည်းကို print, social, digital နေရာတိုင်းမှာသုံးနိုင်အောင်လည်း သေချာစဥ်းစားထားတာကို တွေ့ရတယ်။ နောက်ပြီး ကျွန်တော်တို့ ကိုယ်တိုင်လည်း advertising သမားတွေနဲ့ အလုပ်တွဲလုပ်ရင်းမှသိလာရတာကတော့ visual တစ်ခု create လုပ်ရင် media အမျိုးမျိုးမှာ responsive ဖြစ်အောင်စဥ်းစားရတယ်ဆိုတာပါပဲ။

ဒီ campaign မှာတော့ တကယ်ကို လေ့လာစရာ၊ တွေးစရာတွေများခဲ့ပါတယ်။ ဒီလောက်ပါပဲ။ နောက် Blog မှာတော့ Nike ရဲ့ အာရုံငါးပါး အကြောင်းရေးပါမယ်။

If you enjoyed this blog, please share it with your fellows who might be interested. Like and follow our page to keep up with an upcoming topic. K-thanks-bye!

Facebook: https://www.facebook.com/themoment.studioMM

References

https://levineleavitt.com/play-with-oreo/

https://www.fastcompany.com/